အိမ်မက်ကမ္ဘာမှာတော့ ငါ့ရဲ့ ကြေမွနေတဲ့ အသည်းနှလုံးတစ်စုံက အဖော်ပြုနေလေရဲ့ သူကတော့ ကျနော့ကိုပြောတယ် မင်းခံစားနေရလားတဲ့ အရမ်းခံစားရတာကွယ် သိပ်ချစ်တတ်ခဲ့တဲ့ ကျနော့အတွက် အချစ်ဆိုတာ အဆိပ်တစ်ခွက်နဲ့ တူခဲ့တယ်.....ကျနော့နှလုံးသားလေးကစကားတစ်ခွန်းပြောခဲ့တယ်.......something is better than nothing ...တဲ့ ဘာမှမရှိတာထက်စာရင် တစ်စုံတစ်ခုရှိနေတာက ပိုပြီး ဘ၀ကိုပြည့်စုံစေတယ်တဲ့...မင်းသာ မချစ်တတ်ခဲ့ရင် ဒီလိုမျိုး ခံစားချက်ဆိုတာ ဟန်ဆောင်နေတဲ့ အရာတစ်ခု တမင်ဖန်တီးရမဲ့ ရုပ်ဝတ္ထူ့ ပဲဖြစ်နေလိမ့်မယ်..မှန်မှာပါ သူပြောနေတာတွေကို ခံစားနေရချိန်မှာက လွမ်းနေတာတွေ နာကျည်းနေတာတွေက ကျနော့အတွက် တစ်စုံတစ်ခုလို တန်ဖိုးရှိနေခဲ့တာကို...ဟန်ဆောင်ကင်းတဲ့ ချစ်ခြင်းတစ်စုံဟာ ကျနော့ရဲ. လက်ထဲမရောက်ခင်မှာ ပျောက်ဆုံးရတယ်ဆိုတော့ ကျနော့ရဲ့အချစ်တွေများ ……
No comments:
Post a Comment