Wednesday, March 8, 2017

ကြယ်တွေကြွေ

ကြယ်တွေ အဆုပ်လိုက်ကြွေကြပီချစ်သူ
ကောင်းကင်ပြင်တစ်ခုလုံး
ကြယ်တွေ မှိုင်းတိုက်နေကြလို့ 
နင်လာရာလမ်းမှာ ငါ့အနမ်းတွေ
လမ်းခင်းထားပေးမယ်ချစ်သူ။

ဟော့..ဟိုမှာကြည့်စမ်း
မဝေးတော့တဲ့ အနာဂတ်မှာ
တစ်တီတူးတွေ အော်မြည်နေလိုက်တာ
ဘ၀ချိုခဲ့တဲ့ အချစ်ပျားရည်ခွက်ကလေးထဲမှာပေါ့။

နင်ဆိုတဲ့ ဘ၀ထဲမှာ
ငါဆိုတဲ့ သီချင်းသံတွေကို
ပတ်ဝန်းကျင် ကြားအောင်
တီးခပ်ပြစရာမလိုပါဘူးချစ်သူ။

အချစ်တွေ နဲ့ တည်ခင်းထားတဲ့
စားပွဲကြီးအလယ်မှာ
သစ္စာ ဟင်းတွေက အချန်အပယ်
အကြင်အနာ အနမ်းတွေကအစီအရီပေါ့။

စိတ်ကူးယဉ်လို့ ကောင်းတုန်း
အိမ်မက်တွေက ဆေးတွေခြယ်
အလွမ်းရထားတွေ ခုတ်မောင်းလိုက်တာ
ရက်စက်ခြင်းမှတ်တိုင်နားတောင်
ရောက်လုခဲ့ပြီ။

ကုသိုလ်နည်းတယ်လို့ ပြောရမယ်ထင်ပါတယ်
အရှိန်ပြင်းပြင်းနဲ့  ၀င်တိုက်မိလိုက်တဲ့
အချစ်လေပြေထဲမှာ ချစ်သူအတွက်
အနမ်းစက်တွေက ဖရိုဖရဲနဲ့ 
အလွမ်းဆိုတဲ့
မျက်ရည်တွေ အဆစ်ပါသွားခဲ့တယ်။

No comments:

Post a Comment