အချစ် ရင်ဖွင့်သံလေးများ
"တစ်စုံတစ်ယောက်ကို အချစ်မရှိဘဲ ခွင့်မလွှတ်နိုင်သလို ခွင့်လွှတ်ခြင်း မရှိဘဲလည်း မချစ်နိုင်ဘူး"
"မင်း တစ်ယောက်ယောက်ကို ချစ်တော့မလို့လား ? မင်းရဲ့ အထီးကျန်မှုကို အဖော်ပြုဖို့အတွက်နဲ့တော့ သူ့အချစ်ကို အသုံးမချလိုက်ပါနဲ့။ တစ်ချိန်ချိန်မှာ မင်း ပိုပြီး အထီးကျန်ဆန်ရလိမ့်မယ်"
"တကယ့် အချစ်စစ်ဆိုတာ မျက်ကန်းမျိုး မဟုတ်ဘူး။ သူ့ရဲ့ ကောင်းကွက်တွေကို မြင်နိုင်သလို ဆိုးကွက်တွေကိုလည်း မြင်နိုင်တယ်။ ဒါတောင်မှ ဆက်ချစ်နေနိုင်တဲ့ အချစ်မျိုးပါ။"
"Hi ! ဆိုတဲ့ နှုတ်ဆက်စကားလေးက တိုတယ်။ ရိုးရှင်းတယ်။ ဒါပေမယ့် လူနှစ်ယောက်ကို ချစ်မိသွားစေဖို့ လမ်းစလည်း ဖြစ်နိုင်တယ်"
"စကားတစ်ခွန်း ကြားဖူးတယ်။ အချစ်က ဘဝတဲ့။ မင်း အချစ်ကို မေ့နေတာလား။ ဒါဆိုရင်တော့ မင်းဘဝ ကိုလည်း မေ့နေသလို ဖြစ်နေလိမ့်မယ်"
"ငါနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကို ပြသဖို့ မင်း ပေါက်ကွဲတယ်၊ မင်း အယူအဆကို လက်မခံနိုင်ကြောင်း မင်းသိစေဖို့ ငါ ငိုကြွေးတယ်။ နောက်ဆုံးရလဒ်က ငါတို့ရဲ့ နှလုံးသားတွေ နာကျင်ခဲ့ရတယ်"
"အချစ်က ပြီးပြည့်စုံနေဖို့ မလိုဘူး။ စစ်မှန်ဖို့ပဲ လိုတယ်"
"ငါ့ရှေ့က ကီးဘုတ်လေးကို ကြည့်လိုက်တိုင်း U နဲ့ I က ကပ်လျက်ရှိနေပေမယ့် မင်းနဲ့ငါကတော့ ဘာလို့ ဒီလောက်ဝေးနေရတာလဲ……