Friday, March 31, 2017

မဆုံနိုင်ခြင်း

"""မဆုံနိုင်တဲ့ဘဝတွေ
    နီးစပ်ဖို့
    ကံကြမ္မာ
    မျက်နှာသာမပေး
    ဝေးပြီးရင်းဝေးနေတဲ့
    နိုင်ငံရဲ့အခြားတစ်ဖက်
    ကြားခံနယ်စည်းကအခက်သား"'"'

****ကိုယ်ချစ်တဲ့သူကို
       မျှော်လင့်ချက်တွေပေး
       ခဏတာလေးမှာ
       တစ်ဘဝစာဆွေးရအောင်
       ငါ……ကြံဆောင်နေရော့သလား****

*ချစ်သူရယ်
  ငါချစ်တာ
  အလိုလိုသာသိလိုက်ပါတော့
  ငါ့မေတ္တာ
  အလိုလိုသာရိပ်မိလိုက်ပါတော့
  မင်းအတွက်ငါ
  နောက်ဆုံးလက်ဆောင်အဖြစ်
  ငါရင်ခွဲပြခဲ့ပါတယ်*

*ရင်ထဲမှာမင်း
  ထာဝရချစ်ခြင်းဖြင့်
  အဆိပ်သင့်တဲ့ငါ
  မင်းမေတ္တာမြှားလိုစူးစိုက်
  ရှုရှိုက်တဲ့လေတိုင်းမှာ
  ငါအသက်ပါ ပါမတတ်
  နာကျင်စွာရင်ကိုခတ်ခဲ့ပြီ*

                              ထာဝရ
                              မင်းစစ်သွေး

Monday, March 27, 2017

မြို့ပြ

မြို့ပြညရဲ့
နီယွန်မီးရောင်စုံတွေ
ဆူညံ့ပေါက်ကွဲမှုဂီတ
မြူဆွယ်နေကြတဲ့ အလှအပတွေကြား
စိတ်မဝင်စားပါဘူး………

စမ်းရေမှာကူး
တောင်ထွဋ်ကလေပြေဦးက
အသက်ကိုဝဝရှုရှိုက်
ငါနှစ်ခြိုက်တယ်လေ………

မျက်စိပသာဒ
တောင်တန်းတွေအလှက
ငါ့ပန်းချီအလှပါ………

တောင်ကျချောင်းတေး
စီးဆင်းသံလေးက
ငါ့ဂီတပါ………

နေထွက်နေဝင်
ဆည်းဆာရဲ့ရင်ခွင်အလှမှာ
ငါပန်းသမျှပြေ
ညကြယ်ရောင်အလင်းမှာ
ငါမှေးစက်ချင်သေးတယ်…………

                            mst

Saturday, March 25, 2017

နူတ်ဆက်ခြင်း

နူတ်ဆက်ခွဲခွါခြင်းဖြင့်
ကြေကွဲရိပ်ဆင်သော မျက်ဝန်း၌
တစ်စုံတစ်ရာသောမျှော်လင့်ချက်တို့သည်
ကင်းမဲ့ခဲ့ပြီလား…………

အတူဆုံတွေ့စဉ်က
မျှော်လင့်ခြင်းဖြင့်တောက်ပခဲ့သော
မျက်ဝန်းအစုံသည်
ခွဲခွါခြင်း၌
အမှောင်ဖုံးသောတိမ်တိုက်ပမာ
အုံ့မှိုင်းလျက်ပြိုမယောင်
ငိုမယောင်ယောင်နဲ့လေ…………

ပင့်သက်တစ်ရှိုက်မှာ
အသက်ပါ ပါသွားမတတ်
ရင်ရပ်ပါနင်းချေ
ကွေ့ကွင်းခြင်းကြမ္မာဆိုး
ရန်ငြိုးထားလေသလား……………

နှစ်" လ" ရာသီ
အလီလီပြောင်း
တပေါင်းလည်းကုန်
ပိတောက်ထုံသင်း
ပင်လုံးကြိုင်ဝါဝါဝင်းလျှင်ဖြင့်
ပင့်သက်အခါခါ
လွမ်းသခင့်ကိုသာတမ်း
ကျွမ်းဖူးသူမျှော်ယောင်မှန်းခဲ့သည်
လွမ်း……နှစ်သစ်ကူး။ 

                         မင်းစစ်သွေး

ထာဝရ

သူ……ချစ်သည်ဖြစ်စေ
မချစ်သည်ဖြစ်စေ
ကျွန်တော့နှလုံးသားထဲမှာထာဝရ
သူ……ရှိနေမှာပါ………

သူ……ရှိသည်ဖြစ်စေ
ခွဲခွါသွားသည်ဖြစ်စေ
ကျွန်တော့နှလုံးသားရဲ့အနီးဆုံးမှာ
သူ……ရှိနေမှာပါ………

ကျွန်တော့ဘဝ၌
သူနှင့်ဆုံစည်းခဲ့ရခြင်းအတွက်
နောင်တတစ်ဖန် ပူပန်ခြင်းမရှိ
ပကတိဖြူစင်သောစိတ်နှလုံး၌
သူ့ကိုချစ်ခဲ့သောချစ်မေတ္တာသည်
အစဉ်သန့်ရှင်းလျက်ရှိသည်……………

                         မင်းစစ်သွေး
                         25/03/2017
                         01:47 am

Saturday, March 18, 2017

အိပ်မရသောည

အလွမ်းရဲ့ည ကောင်းကင်ယံမှာ
သတိရခြင်း မိုးတိမ်တွေက
အုံ့မှိုင်းနေ၏ ။

မျှော်လင့်ခြင်းရဲ့ ငွေလမင်းလည်း
ခရီးလွန်ကာ ထွက်မလာပဲ
ပျောက်နေရှာ၏ ။

ချစ်သောသူ၏  အပြုံးလေးကို
မြင်ချင်သော်လည်း မမြင်ရဘဲ
ဝမ်းနည်းရ၏ ။

အဲသည်ညမှာ လွမ်းဆွတ်တမ်းတ
အိပ်မရဘဲ မိုးစင်စင်သာ
လင်းခဲ့ရ၏

Tuesday, March 14, 2017

ဘယ်တိုင်းရင်းသားလူမျိုးများမဆို
ကိုယ်ပိုင်ဘာသာစကား ကိုယ်ပိုင်
ယဉ်ကျေးမှု ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်
သမိုင်းအစဉ်အလာနဲ့ ရာဇဝင်တွေ
ကိုးကွယ်တဲ့ဘာသာတရား အစ
ရှိသည်ဖြင့် လူမျိုးတိုင်းရဲ့ ကိုယ်ပိုင်
သမိုင်းအထောာက်အထားတွေကိုယ်
စီရှိကြပါတယ် လူမျိုးတိုင်းဟာ အစဉ်
အလာကောင်းများနဲ့ အစဉ်အလာကြီး
မားစွာရပ်တည်လာခဲ့ကြတာပါ။

ကိုယ့်လူမျိုး ကိုယ့်ရိုးရာအစဉ်အလာသမိုင်း
နဲ့ပတ်သက်လာရင် ဘယ်သူမဆို အခြား
မျိုးနွယ်ဝင်တွေရဲ့လေးစားအားကျမှုကို
ခံယူချင်ကြတာဓမ္မတာပါပဲ။

ဒါပေမယ့် အခုpostနဲ့ပတ်သက်ပြီးစဉ်း
စားသင့်တဲ့အချက်က postတင်သူရဲ့
စာကို သေချာဖတ်ဖို့ပါပဲ။ စာထဲမှာ
ဘယ်အမျိုးသားရေးဝါဒကိုမှ မထိပါး
ထားပါဘူး ဘယ်မျိုးနွယ်စု ဘယ်သူ
တစ်ဦးတစ်ယောက်မဆို ကိုယ့်သမိုင်း
ကိုယ်ရေးကြတဲ့သူချည်းပါပဲ။ ဒီတော့
ကိုယ်သမိုင်းမှာ ကိုယ်ဇာတ်လိုက်ဖြစ်ချင်
ကြတာမဆန်းပါဘူး။

ဒီတော့ ဘယ်မျိုးနွယ်စုမဆို ကိုယ့်အမျိုး
သားရေးဝါဒကို ကိုယ်အမွှမ်းတင်ကြမှာပါ
ပဲ။ ဒီတော့မျိုးနွယ်စုတွေချင်း သင့်မြတ်ဖို့
အတူယှဉ်တွဲနေထိုင်နိုင်ဖို့ စည်းတော့ထား
ရပါလိမ့်မယ်။ ဒီစည်းကတော့ အခြားမျိုး
နွယ်စုတစ်စုရဲ့ အမျိုးသားရေးဝါဒကို မိမိက
မစော်ကားဖို့ အထင်မသေးဖို့ မနှောင့်ယှက်
ဖို့နဲ့ ကိုယ့်ဝါဒနဲ့ သူ့ဝါဒမနှိုင်ယှဉ်ကြဖို့ပါပဲ။

မျိုးနွယ်စုအချင်းချင်းဟာ အမြင်ချင်းဖလှယ်
လို့ရပေမယ့် ဘယ်သူသာတယ်ဆိုပြီးလို့
တော့နှိုင်းယှဉ်လို့မရပါဘူး။ ကိုယ့်ယဉ်ကျေး
မှု ကိုယ့်လူမျိုး လူတိုင်းချစ်ကြတယ်လေ။
ဒီတော့ လူသားမျိုးနွယ်စုတွေအချင်းချင်း
ပဋိပက္ခတွေ နဲနိုင်သမျှ နဲပါးကြလျက် အစဉ်
ငြိမ်းချမ်းစွာ လက်တွဲနိုင်ကြပါစေ။

Wednesday, March 8, 2017

မျက်ဝန်း၌

နယ်မြေမကျူးကျော်ရ
အဲဒီ ဆိုင်းဘုတ်ပေါ့
နားစည်ဝကို ကန့် လန့် တိုက်
နှလုံးသားထိ ယိုစီးကျရတယ်။

အကျွမ်းတ၀င် မရှိလှတဲ့ ဒီနယ်မြေမှာ
အပြောလေးတွေ ချွေးသိပ်
မျက်လုံးအိမ်တွေ မှေးစက်ခဲ့ရတယ်

တစ်ရှိုက်မက်မက် တွယ်ငြိဖူးတဲ့
သံယောဇဉ်ကြိုး
နင့်ပြောနေကြ ကားမှတ်တိုင်မှာ
ဖြတ်တောက်ခံခဲ့ရတယ်

နှင်းဖွေးဖွေးကျလို့ 
စပယ်တွေ ဖွေးဖွေးလှုပ်ခဲ့ရတာမှမဟုတ်ပဲ
လူမသိ သူမသိ အုံ့ ပုန်းအချစ်တွေ
မွေးဖွားခဲ့ရတာ..

အမှန်တရားဆိုတာ နားခါးတတ်တယ်
တစ်ချက်အကြည့်ကြောင့်
ဘ၀တစ်ခုလုံး မုန်တိုင်းထန်
နင့် အပါးက ငြိတွယ်မူ
အဲလောက်ထိကို အရေးပါခဲ့တာ

ဘာ..ပြဒါးမဲ့မှန်တစ်ချက်ကြောင့်
ငါ့နှလုံး ရင်ကွဲနာကျရမယ်..
အစကတည်းက မစီးခဲ့တဲ့မြစ်
ရေလာဖို့ မြောင်းပေးစရာမလိုတော့တဲ့ နောက်..

ခဏတာ ဖြစ်တည်မူမှာ
တစ်ဘ၀စာအတွက် တွယ်ငြိ
ခုထိ နင့်မျက်ဝန်းထဲ တွယ်ငြိနေဖို့ ကို
အိမ်မက်ထိ သယ်ဆောင်ချင်ခဲ့တယ်..။

ဆဲလ်

ဒီဆဲလ်အသေတွေထဲမှာ
ငါ့ရင်ခုန်သံတွေ ခိုးခိုးပြူံး
နားလည်မူ့ တွေကို
ဘာသာပြန်ခဲ့ဘူးတယ်..

နွေလေတွေ မချိုချိန်မှာ
ဆောင်းမနက်တိုင်းက
အသက်မဲ့ခဲ့တယ်
ခြေရာကောက်ဖို့ လမ်းပျောက်ကိုရှာရင်း
ဒီမနက်ခင်းတစ်ခုလုံး ခြောက်သွေ့ စေခဲ့တယ်

ရနံလှိုင်မှ တော်ဝင်တဲ့လား
ငါ့နားက အညတရတွေ
ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှနေတာ
အမြင်အာရုံတွေထွေပြား
တစ်ချိန်တော့ ကြွေရစမြဲပါ

အမှန်တရားတဲ့လား
အချဉ်တွေ များတဲ့ဓါတ်စာလို
ခဏ ခဏ ချီလိုက် ချလိုက်မလုပ်ချင်ပါနဲ့ တော့
ရင်ဘတ်က ခေါင်းလောင်းသံ
နင့် နားနဲ့ ကြားစေချင်သေးတယ်..

အငိုတိတ်ဖို့ နင့်ကိုလွမ်းတယ်
ပတ်သတ်ခွင့်ပြုပါလို့ 
တောင်းဆိုချိန်ရောက်တိုင်း
ငါ့ရင်ထဲ တစ်ဆစ်ဆစ်နာ
နင့် အတွက် ငါ ထာဝချစ်သူ မဖြစ်နိုင်တော့ဘူးလား။

ရင်ရပ်သို့

-

ဖြတ်လျှောက်လိုက်မှ ရင်ထဲပေါ့သွားမယ်ဆို
နင့်ခြေထောက်တွေ ငါ့ရင်ဘတ်ပေါ်ဖြတ်လျှောက်လိုက်ပေါ့
မျက်ဝန်းစိုစိုတွေနဲ့ ခဏခဏကြည့်ရတာ
ကြာတော့ မျက်လုံးတွေ တိမ်ခိုမှာတောင်ကြောက်နေရတယ်.

ဘ၀ကြီးက ခဏခဏ ဖတ်ဖြစ်တဲ့
စာမျက်နှာတစ်ရွက်ပဲ..
မလိုချင်တဲ့ အပိုဒ် ကျော်ပြီးဖတ်လို့ ရရင်
အချစ်ဆိုတဲ့ စာမျက်နှာကို သော့ခတ်ပြီး
ပိတ်ထားလိုက်တော့မယ်....။

ဆံပင်အဖျားနှစ်ခွလေးတွေပေါ်မှာ
နင့်ကိုလွမ်းတဲ့ အလွမ်းက ကပ်ငြိ
ကြာလာတော့လည်း ငါ့ဆံစတွေ
ပျက်စီးလာခဲ့တယ်....
ဒီလိုပါပဲ..ချစ်သူ
တစ်ခုပ်တရဆိုမှာတော့
မျက်နှာလွဲပစ်လိုက်ဖို့ ဆိုတာ
နယ်လွန်တဲ့ ခရီးတစ်ခုဖြစ်နေခဲ့တာပေါ့.။

သိပ်မပြုံးပါနဲ့ ကွယ်
ငါဆိုတဲ့ငါက အနာဂတ်ဆိုတာကိုတောင်
စာလုံးမပေါင်းတတ်ခဲ့တာ
အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ ဆိုတာ
လေတိုက်သလို
မိုးရွာသလို စိတ်လိုလက်ရမဖြစ်မှာအသေချာပဲလေ..

စိတ်မပူပါနဲ့ တော့ ချစ်သူ.
ငါ့နှလုံးသားက.
စိတ်နဲ့ သတ်လို့ သေပြီးမှတော့
ပွင့်ချင်ပွင့် ဖူးချင်ဖူး
တစ်တောလုံး အမှောင်ကျလို့ 
ရနံ့ လည်း မသင်းနိုင်တော့ပါဘူးလေ.

နင်ရှိတဲ့အရပ်ဆီ

အလင်းအမှူန်ဆိုတာ
မျက်ကပ်မှန်တပ်စရာမလိုအောင်
ကြည်လင် ပြတ်သားတယ်
စိတ်ကို ခဏလွင့်ပစ်ကြည့်တယ်
နင်ရှိနေတဲ့ အရပ်ဆီသို့ ပေါ့။

မရောင့်ရဲနိုင်တာမဟုတ်ဘူး
မလွမ်းပဲကိုမနေနိုင်တာ
ပေးစာနဲ့ ယူစာ
စကားတွေများတဲ့နေ့ က
နင့်ကို ငါ့ခန္ဓာကိုယ်ထဲ ခဏထုတ်ပစ်ခဲ့ရင်း
ခြေရာတွေကို တုပ်နှောင်ပစ်ခဲ့မိတယ်။

လွှင့်လိုက်ပေါ့ လိပ်ပြာငယ်
သေဆုံးသွားတဲ့ ငါ့ရဲ့ ဈပနပေါ်မှာ
ခဏဖြစ်ဖြစ်ဝဲလိုက်ပေါ့
စပယ်ပန်းတွေနဲ့ အတူ နှင်းဆီပန်းတွေပါ
အဖော်ထားခဲ့ပေးတယ်...။

ကျွန်တော့ သေဆုံးခြင်းနှင့်အတူ
ချစ်ခြင်း တရားတွေကို
အလှမိုးထားခဲ့တယ်
ကျွန်တော့ ရှင်သန်ခြင်းနှင့်အတူ
အလွမ်းတွေ ဖြန့် ကျက်ထားခဲ့တယ်.။

ဒဏ်ရာ ကျက်ခြင်းမကျက်ခြင်းပေါ်မှာ
စောဒက မတက်ပါနဲ့ တော့
နုတ်ယူသွားခဲ့တဲ့ ငါ့ရဲ့ လိပ်ပြာလေးရယ်
မမြင်ချင်ယောင်ဆောင်ထားခဲ့ရတဲ့
ငါ့ရဲ့ နှလုံးသားတစ်စုံရယ်
နင့်မေ့နိုင်တဲ့ တစ်နေ့  သဂြိုလ်ပေးဖို့ မမေ့ပါနဲ့ ။

သူ ပျံသန်းနိုင်ပါစေ
သူချစ်သောသူရဲ့ နှလုံးသားတစ်စုံနဲ့ အတူ
သူချစ်သောသူရဲ့ အလွမ်းအပိုင်းအစတွေနဲ့ အတူ
မနက်ဖြန် လင်းရောင်များသန်းခဲ့ရင်ဖြင့်
သူ သေဆုံးသွားခြင်းကို သိနိုင်ပါစေ။

ကျင့်ကြံခြင်း

ဘ၀ကိုဘောင်ခတ်ဖို့ ကြိုးစားတဲ့အခါတိုင်း
အလိုမတူတဲ့ သင်္ခါရတရားတွေက
ရင်ဝကိုဖြတ်ရိုက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

အမြင်တွေကိုဖလှယ်ကြရင်း
တူညီတဲ့အဖြေကြားမှာ
မိုက်မဲတဲ့ သီအိုရီတွေကို ညီမျှခြင်းချ
ကျွဲတစ်ဖက် နွားတစ်ဖက်နဲ့ 
ကံတရားကို ဖိနပ်လုပ်စီးခဲ့တယ်။

ဘာသာပြန်ဖို့ ဦးနှောက်တွေ
ခရီးနှင်လာတဲ့အခါတိုင်း
ငါဆိုတဲ့ ..စိတ်ကို အရောင်တင်
အတ္တဆိုတဲ့ကောင်ကြီးကို ချနင်းခဲ့ရတယ်။

ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ကျတာချင်းအတူတူ
မလို မုန်းပွားတဲ့ မာနတရားတွေက
ကိုယ့်ကျင့်တရားကို သေးသိမ်စေခဲ့တယ်။
ဒါကလည်း အမှန်တရားကို
မှန်လို့ ကျင့်ကြံသူရဲ့
ခွန်းအားတစ်ရပ်လို့ ဆိုပြန်တယ်။

မခမ်းနားမကြီးကျယ်ခဲ့တဲ့
လူသမိုင်းတစ်လျှောက်မှာ
အတ္တမဲ့တဲ့ မာနလေးနဲ့
ဝါဒီမဆန်တဲ့ အသွင်ရုပ်လောက်နဲ့ တော့
ငါလည်းကျင့်ကြံနိုင်ဖို့ ကြိုးစားရအုံးမယ်

ရတု

ရတု အဆက်ဆက်နဲ့ 
ကြိုးမိန့် ပြန်တမ်းထဲမှာ
တစ်သက်စာအတွက်
အနမ်းတွေကို တစ်ခမ်းတနားကြီး
ရေးသွင်းထားမိတယ်။

မငြိမ်မသက် အနက်ရောင်ကကြိုးထဲမှာ
ငွေမင်ရောင် မာယာတွေက
နှစ်သက်မူ့ ကို ခစား
ပျော်တော်ဆက်ဖို့ ရောက်နေလေရဲ့ ။

ပိတ်သားတွေ ကြည့် ပျော်မြူးနေတဲ့
ခြံလွှာထဲမှာ အကျည်းတန်မူတွေကို နစ်မြုပ်
ဖောင်ကူးဖို့  တံတားထိုးလိုက်တာ
ရေတွေတောင် နောက်ကျိနေပါရောလား။

ကျနော့ရဲ့ ရင်ရိပ်မှာ
ငြိမ်းချမ်းရေးတွေ အရိပ်ထိုးခဲ့တာတောင်
ပတ်သတ်မူ့ တွေ က အက်ကြောင်းရာတွေအထပ်ထပ်နဲ့ 
အိမ်မက်မှာတောင် မဖြူနိုင်တော့ဘူး ချစ်သူရယ်။

ဘ၀ကပေးတဲ့ ကုသိုလ်ကံထဲမှာ
ကျနော့ ရင်ဝှက်ကြိုး ပျောက်လို့ နေခဲ့တယ်
ထားပါတော့လေ
ဘုရားပေးတဲ့ဆုက
ထိုက်သလောက် ကျေနပ်ဖို့ 
ရင်ခုန်သံတွေကို ဆောသြရအုံးမယ်ချစ်သူရယ်။

မင်းပေးတဲ့အလွမ်း

ဖတ်ကြည့်ပါဦး...အလွမ်း…
ဘယ်ဘက်ရင်အုံမှာထ,ခဲ့တဲ့ ခုန်နှုန်းတစ်ခုက 
သူ့မရဲ့နှလုံးသားမှာ…
စမ်းတ၀ါးဝါးနဲ့ လွမ်းနာကျသလိုဖြစ်နေတယ်။

တမင်ရှောင်ပုန်းခဲ့တယ်ဆိုရင်တောင်
ကျောခိုင်းခြင်းရဲ့အတွေ့တွေကို
ကိုယ်က လက်တွေ့ရင်ဆိုင်လိုက်ရတာပါပဲ။

အနားမှာရှိစဉ်တုန်းကတော့ အမှတ်တမဲ့နဲ့
သူမမျက်ရည်တွေကို ခပ်ယဲ့ယဲ့လှောင်ခဲ့ဖူးတယ်…
ကိုယ်မသိတဲ့ အချိန်အခါမှ
မှတ်မှတ်ရရ သတိတွေရှိနေပြန်တယ်လေ။

ရှိခြင်း၊ မရှိခြင်းထက်
သိခြင်း၊ မသိခြင်းက
အလွမ်းတစ်ခုကို ဖြစ်ပေါ်စေတယ်…။
ချစ်ခဲ့ကြတာမှန်ပေမယ့်…
အမုန်းတွေလမ်းထဲဝင်နေတော့
ကိုယ့်ရင်ဘတ်အိမ်မှာလည်း အလွမ်းတွေနဲ့ ပြည့်လျှံနေပေါ့။

ဘ၀ကို ဦးနှောက်နဲ့လမ်းခင်းလျှောက်ဖို့
ပန်းလေးတစ်ပွင့်ကို ခြွေချရက်တယ်…
အမုန်းနဲ့ အကျွမ်းတ၀င်မရှိသရွေ့တော့
ကိုယ်လည်း…
ညအိပ်ညနေ လွမ်းနေရဦးမှာပါပဲ…။

မျက်ရည်…
ပုလဲမိုးတွေဆွေးတဲ့ ညကပေါ့…
နိယာမတရားတွေကို ခေါက်သိမ်း
ကျူပ်ရင်ထဲ မိုးတွေသည်းခဲ့တာပေါ့ချစ်သူ။

မျက်ရည်ဆိုတာ…
ချစ်သူနှစ်ယောက်ရဲ့ တမ်းတခြင်းလက်နက်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့
မင်းပေးခဲ့အနမ်းတစ်စက်ကို လှလှပပသရေရှုံးပေးခဲ့ပါ့မယ်။

ကျူပ်ရင်ထဲ…
ဘယ်တော့ခါများမှ ရွှေလသာမှာလဲကွယ်
အနားမညီတဲ့ ခေါက်ရိုးချိုး သစ္စာတရားတွေက
အမှတ်မရှိတဲ့ အသည်းကိုအဖော်ပြု
ဥတုနဲ့အပြိုင် မျက်ဝန်းတွေဆွတ်စိုခဲ့ရတယ်။

ဟန်ဆောင်မှုတွေတိမ်မြှုပ်နေတဲ့ ချစ်ခြင်းတရားတွေက
ရက်ရာဇာတွေကိုကျောခိုင်းလိုက်တာ
ပြသာဒါးရက်တိုင်း မျက်ရည်ကြွေဖို့ ဖြစ်လာရတယ်။

သို့ ..ချစ်သူ…
ရင်မှာရွာတဲ့မိုးတိုင်း မဆွေးပါရစေနဲ့လား
အသည်းနုလို့ အကြောက်တရားကို ပုန်းခိုဖို့ကြိုးစားနေတယ်ဆိုရင်တောင်
ဒီနန်း ဒီပန်း မထိုက်တန်ဘူးလို့တော့ မဆိုလိုက်ပါနဲ့…

အလှတရားနဲ့မထုံးမွမ်းထားတဲ့ ကျူပ်နှလုံးသားမှာ
မင်းပေးခဲ့တဲ့ အလွမ်းကြောင့်…
မျက်ရည်ကြောင်းတွေ အက်ကြောင်းထပ်ခဲ့ဘူးတယ်ဆိုတာ
ကျူပ်ရင်ခုန်သံတွေ သိပါတယ် ချစ်သူရယ်။

အိမ်မက်မှ

ဖတ်ကြည့်ပါအုံးလား...
အချစ်မသိခဲ့တဲ့ ကျတော်
အလွမ်းပင်လယ်ထဲ လက်ပစ်ကူးလို့ 
မုန်းတိုင်းဆိုတာလဲ မကြောက်ခဲ့သူပေါ့။

ဖွင့်ဖတ်နေကျစာမျက်နှာမှာ
မင်းပုံရိပ်လေးထင်နေရုံနဲ့ 
ကျူပ်နှလုံးသားက အသာအယာပြုံးခဲ့ပီး
စေလိုရာစေမဲ့ နင်မျက်ဝန်းအသံမှာ
အလိုအလျောက် ကြွေဆင်းပေးခဲ့သူပေါ့။

ဘာတဲ့..အချစ်ကမျက်ကန်းဆိုပဲ
ဟုတ်တယ်...
ကျူပ်မြင်ကွင်းထဲရောက်လာသမျှ
အရာဝတ္ထူတိုင်းက ကန္တာရ ဆန်ခဲ့သလို
နှလုံးသားထဲဝင်လာသမျှ အချစ်တွေလဲ
အိမ်မက်ဆန်ခဲ့တယ်။

ပင်ပင်ပန်းပန်းရှာလာခဲ့ရတဲ့
ပန်းသီးတစ်လုံးပါ
ယုံမှားလို့ ပုံမှားရိုက်ရအောင်
ကျူပ်နှလုံးသားက အပို တစ်စုံမရှိခဲ့ဘူး။

ပြောမဲ့သာပြောရတယ်
သကာရည်သုတ်လိမ်းထဲမင်းနှုတ်ခမ်းစကား
ကျူပ်ရင်ထဲ အချိန်တိုင်းချိုလိုနေခဲ့တယ်
မပြီးဆုံးသေးတဲ့ ဇာတ်ဝင်ခန်းမှာ
တစ်ကိုယ်တည်းရွက်လွှင့်စေဖို့ 
ကံကို ဥပက္ခာပြုထားရတော့မှာလား။

လူလူချင်းချစ်ကြတဲ့ပွဲမှာ
အညတရလို့ ခေါင်းစဉ်တပ်
လူမွဲမျိုးရိုးလို့ ပြောချင်တာက
မင်းရေးတဲ့ဖူးစာကို ရွှေနဲ့ ထပ်ချင်ခဲ့တာပါ။

ကျူပ်မှာတော့ တစ်ခါမှမပွင့်ဖူးသေးတဲ့ပန်းကို
ရနံ့ တွေနဲ့ သွန်းလောင်း
ရင်ဘတ်ပန်းအိုးလေးထဲမှာ ထိုးစိုက်ချင်ခဲ့တာ
ခုများတာ အိမ်မက်သေနေ ခဲ့တဲ့ ပန်းဖြစ်မှန်း
လန့် နိုးမှပဲ သိလိုက်ရတော့တယ်။

တိမ်ငွေ့

သက်ရောက်မူတိုင်းရဲ့ အကျိုးတရားတွေ
ဘက်ပြန်မှု့ မရှိတဲ့ အကြောင်းတရားတွေ
လမင်းကို စိန်ခေါ် ကမ္ဘာကိုပျက်သူန်းစေဖို့ 
မသတီစရာ အတ္တအချင်းချင်း ရန်တိုက်လို့ ပေးခဲ့တယ်။

ငါက အလင်းမရှိတဲ့
အမှောင်အတိနဲ့ လူသားတစ်ယောက်ပါ
လိုအပ်တာကို ချန်လို့ 
မလိုအပ်တာကို တန်းဖိုးထား
အများအမြင်မှာ ရူးကြောင်ကြောင်လူတစ်ယောက်ပေါ့။

ကမ္ဘာပေါ် ခြေချတာ
စိမ်းလန်းတဲ့ သဘာဝတရားတွေ
ဘေးသင့်စေဖို့ မဟုတ်ဘူး
ငတ်မွတ်ခေါင်းပါး လူတန်းစားကို
ခေါင်းပုံဖြတ်ဖို့ မဟုတ်ဘူး
လူမမည်တဲ့ လူတစ်ယောက်ဖြစ်ဖို့ 
အနှစ်သာရ ရှိပါစေ။

ေ၀၀ါးတာ အနာဂတ်မဟုတ်ပါဘူး
စိတ်ကိုစိတ်ချင်းသတ်
အတိတ်ကို ဘက်ပြန်လှည့်
မလိုသမာ ရန်ငြိုးတွေနဲ့ 
လက်ရှိနေရာကို မရောင်ရဲနိုင်ခဲ့တာပါ။

အို..အသင်လောက
မြည်သံစွဲတွေများခဲ့တဲ့
ဘ၀တစ်ဆစ်ချိုးအကွေ့ မှာ
မည်သူကောင်းကျိုး သယ်ပိုးမှာလဲ
အိမ်သားအချင်းချင်း ရန်ပွဲဆင်
တိမ်ငွေ့ စားသူများ မဖြစ်ရအောင်လား မိတ်ဆွေတို့ ။

လေးနက်စွာ

လေးလေးနက်နက်ပြောလိုက်ချင်ပါရဲ့
အကြိမ်ကြိမ်မျှော်လင့်မိခဲ့သောလက်တစ်စုံက
အစဉ်အမြဲတွဲယှက်နိုင်ဖို့ 
သစ္စာကြိုးနဲ့ ချည်နှောင်ထားကြရအောင်လား
ချစ်ရသူ။

နူးညံ့သိမ်မွေ့ ခြင်းက
အချစ်ဆိုတဲ့ရာသီကို ပေါက်ဖွားစေခဲ့တယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ အနာဂတ်က
ရှင်သန်ခြင်းဆိုတဲ့ သစ်ပင်ကိုပျိုးရမယ်။

ယုံကြည်ခြင်းက
မေတ္တာဆိုတဲ့ အလင်းတန်းကို ထွန်းညို့ ပေးခဲ့မယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ ရင်ဘတ်မှာ
မျှော်လင့်ချက် ရောင်စဉ်တွေ ထွန်းလင်းစေရမယ်။

ကမ္ဘာပေါ်ရှိတဲ့ အချစ်ဝေါဟာရနယ်ပယ်မှာ
အကြင်နာတွေ ရင်ဝယ်ပိုက်
အမှောင်ကိုဖြိုးခွင်းရအောင်ချစ်ရသူ။

ငါတို့ နှစ်ယောက်ရဲ့
မျက်ရည်မိုးတွေ
သံသယနွံ ထဲ မကျွံစေဖို့ 
သံယောစဉ် လက်ကလေးကမ်းပေးပါ။
အမုန်းဆိုတဲ့ ပန်းလေးမပွင့်စေဖို့ 
ရာသီဥတုတွေ မိုးခေါင်းပေးလိုက်ပါလားကွယ်။

မင်းကမ်းတဲ့လက်တစ်စုံမှာ
ငါ့မျက်ရည်တွေ ကမောက်ကမ မဖြစ်စေဖို့ 
အကြိမ်ကြိမ်ဆုတောင်းရင်း
အားတင်းလို့ ပြုံးထားစဲ ပါ
ချစ်ရသူ

နေမင်းနှင့်လက်တွဲမဖြုတ်သူ

ရောင်နီသမ်းတော့မယ်ပေါ့ချစ်သူ
သစ္စာရှင်ကြီး လွမ်းခြုံထားတဲ့
သမုဒ္ဒယကြိုးတွေ သွေးနီစွန်းပေခဲ့တာ
ဒီနေ့ ဆို ရက်ပေါင်း (၃၆၅) ရက်ကို
နှစ်ပိုင်းတစ်ပိုင်းတောင် ရှိရော့ပေါ။

သောကကို ရင်ဝယ်ပိုက်
ဆောင်းမနက်တိုင်း လွမ်းမောခဲ့ရတယ်
သူမသိ လူမရှိတဲ့ အခန်း
တိတ်တိတ်ဆွေး ကြိတ်ကြိတ်ပြီးတော့ ငိုခဲ့ရတယ်။

တမ်းတခြင်းတဲ့...
ကျနော့အတွက် အဆိပ်ပင်ရှိတဲ့ ရပ်ဝန်းတစ်ခုပေါ့
ရွက်ကျ ပင်ပေါက်လို့  အမည်မထိုးချင်ပေမဲ့
တော်ဝင် တဲ့ပန်း အဖြစ်
ရနံ တော့သင်းချင်ခဲ့တာပဲလေ။

လွမ်းမောဖွယ်ရာအတိတ်ကြောင်းဆိုတာ
လက်ရှိသောက်နေတဲ့ ကော်ဖီလောက်
မချိုမြိန်တာတော့အမှန်
ယုံကြည်ချက်မရှိတဲ့ လက်နှစ်ဖက်ရဲ့ ဆုပ်ကိုင်မူ
ဘယ်အချိန်ထိများကြင်နာနိုင်အုံးမှာလဲ။

ရေးလက်စ ကဗျာတွေအသက်မဲ့တဲ့နေ့ က
စာတစ်မျက်နှာလွဲခဲ့ရသလို
နားလည်မူတွေ ဒဏ်ခတ်တဲ့နေ့ က
ကျောခိုင်းခြင်းကို စားသုံးခဲ့ရတယ်။
မချိုမြိန်မှန်းသိပေမဲ့...လည်း
မျိုချခဲ့ရတယ်။

အခုတော့ အချစ်မရှိတဲ့နယ်ပယ်မှာ
အလွမ်းမှတ်တိုင်တွေ စိုက်ထူရင်း
အဆိပ်သင့်ခဲ့တဲ့ စာတစ်မျက်နှာကို
လကွယ်ညတိုင်း ဖတ်နိုင်ဖို့ 
အိမ်မက်ကမ္ဗည်းထိုးရအုံးမယ်ချစ်သူရယ်။

သီအိုရီ

ချွေကာချ ကြွေခါကျရဲ့တဲ့အဖြစ်
ပွင့်ဖတ်တွေ လေယူယိမ်းတော့
ရင်ထဲက မာန်မာနတွေ
တစ်ဖြုတ်ဖြုတ်ကြွေခဲ့ရတယ်။

သံစဉ်ချိုတဲ့ အချစ်တွေ
ဆက်လက်ရှင်သန်ဖို့ 
အကာကွယ်မဲ့တဲ့
ယုံကြည်ချက်ကို ထာဝရဆုပ်ကိုင်ခွင့်ပြုပါ။

ပစ္စုပန် တည့်တည့်မှာ
အငိုမျက်လုံးတွေ ကသီချင်းဆိုတယ်
ပင့်သက်တစ်ချက်ဝေတိုင်း
ရင်ဘတ်အနာတွေ တစ်ဆစ်ဆစ်ပါပဲ။

ဒါပေမဲ့လေ..
ရင်ဘတ်ချင်း အငြိမှာ
အချစ်တွေ ပြုံးနေကြတယ်
မာယာမပါတဲ့ အလွမ်းတွေကတော့
အခန်းကျဉ်းထဲ ပိတ်မှောင်ကျပ်
ငိုပွဲတွေ ဆင်နေခဲ့ကြတယ်။

ဘယ်လိုပဲံဖြစ်ဖြစ်ပေါ့ချစ်သူ.
တစ်သက်မှာတစ်ခါချစ်တဲ့အချစ်က
အလွမ်းတွေကို စီရီချိတ်ဆွဲရတာ
ကျနော့ရင်ဘတ်ကြီး ဖတ်ဖတ်မောကိုမောလို့ ။

ကျနော့နားမှာ ငြိမ်းချမ်းခြင်းတွေရှိတယ်
ကျနော့နားမှာ အရည်လဲ့မျက်ဝန်းတစ်စုံရှိတယ်
ကျနော့နားမှာ အချစ်ရဲ့ သီအိုရီတွေ သံစဉ်ညှိ နေတယ်
ကျနော့နားမှာ နှလုံးသားအတုတွေ ခိုးခိုးပြီးပြုံးနေတယ်

ကျနော့နားမှာ..ကျနော့နားမှာပေါ့
အလွမ်းမသိ အချစ်မရှိတဲ့ လူသားတစ်ယောက်
အဆုံးမသတ်တဲ့ အလွမ်းခရီးနဲ့ အတူ
အချစ်သီအိုရီ ကို အစကနေ ပြန်ဖတ်လို့ နေခဲ့တယ်။

လွမ်းအထီးကျန်

အလွမ်းဆိုတာ လွန်စွာတန်ဖိုးရှိသော
အထီးကျန်ဆန်ခြင်းတစ်မျိုးပါပဲ။

အထီးကျန်ခြင်းဆိုတာက
သမရိုးကျ ခွဲထွက်လာခဲ့တဲ့
နှလုံးသား အသေတွေကို
လှည့်စားလိုက်တဲ့ လိမ်ညာခြင်းစာတမ်းတစ်ခုပေါ့။

လှလှပပ ရှုံးဖို့ အတွက်
ဒီစည်းဝိုင်းထဲဝင်ခဲ့တာမဟုတ်သလို
အမြတ်ထုတ်ပြီး ရင်ခုန်သံကိုစတေးဖို့ လည်း မဟုတ်ခဲ့ဘူး

ရိုးသားစွာ ၀န်ခံလိုက်ရုံနဲ့ 
အချစ်တွေ ကိုယ့်နားရောက်လာခဲ့မယ်ဆိုရင်
မာနဆိုတာ အရောင်က
ခ၀ါချစရာမလိုအောင် ကင်းစင်ပြီးသားပါ။

လမိုက်ညရဲ့ အနက်ရောက် နက္ကတစ်တွေနဲ့ အတူ
ပေါ့ပေါ့ပျက်ပျက်ရယ်လိုက်ဖို့ အတွက်
ကိုယ့်အနားမှာ အလွမ်းတွေ မိုးခိုနေခဲ့ကြတယ်။

ငွေရောင်ပိတ်ကားပေါ်မှာ
အလွမ်းမကျ တကျ အိမ်မက်အသေတွေက
ဒီရင်ကို လှုပ်နိုး
တစ်ရေနိုးတိုင်း ရှိုက်ငိုနေခဲ့ကြတယ်။

ဘယ်လိုပဲဖြစ်ပါစေ...
အလွမ်းသာ ကိုယ့်အနားရှိရင်
သမုဒ္ဒရာရေတွေ မဆုံးနိုင်တာလောက်တော့
ကိုယ့်မျက်ရည်က လှောင်ပြုံးပြုံးနေမှာ သေချာတယ်။

တကယ်ကို ချစ်တတ်ခဲ့တယ်ဆိုရင်ပေါ့။

အတိတ်

အတိတ်ဆိုတာလည်း မသိ
အချစ်ဆိုတာလည်းမရှိလို့ 
လောကရဲ့ နိယာမတရားကိုတောင်
ဘာသာသာနဲ့ ပြန်ဆိုရမလဲ မသိဘူး။

လှည့်စားမူလို့ သုံးနှုံးထားတဲ့
သြကာသ နယ်မြေကြီးထဲမှာ
ပုတ်ပွ နေတဲ့ ရုပ်ဒြပ်တွေက
ငါ့နားစည်ကို ဖြတ်တိုက်သွားခဲ့တယ်။

ရင်နှီးမူဆိုတဲ့ အဖြူရောင်ကြိုးတွေကြားထဲမှာ
နှလုံးသားကို မုသားသုံး
ငါ့စိတ်တွေကို ပါးပါးလှီးဖို့  ကြိုးစားခဲ့ကြတယ်။

ဒါလား လူသဘာဝ
အင်မတန် လူစည်းကားတဲ့
မနောအလှပွဲကြီးကလည်း
စိတ်ကို ပကာသန နဲ့ အရောင်တင်
လမ်းဘေးက နုနယ်စ ကလေးတွေက
အမှိုက်ပုံကြားထဲမှာ။

ဖြစ်သင့်တာလား .
အံသြခြင်းတွေ အဆုံးသတ်တဲ့ညက
သူတို့ နှလုံးသားတွေ
မီးရှို့ ခံလိုက်ရတယ်
ခကွေး ကိုအဆုံးသတ်ဖို့ 
ခဲတံ ဆိုတာကို မသိခဲ့ဘူး
ချွန်မြပါတဲ့ ဆိုတဲ့ စိတ်ဓါတ်တွေ
သွေးမနီခဲ့တာ ကြာလှပေါ့။

အချစ်ဦးကိုရေးတဲ့စာက
အဖွင့်မှာစကားတဲ့
မိဘကိုရေးတဲ့စာက
နှလုံသားကိုရည်ညွန်းသတဲ့
ပြောင်းပြန်ကြီးလည်နေတဲ့
လူ့ အဆန် တွေကြားထဲမှာ
ငါတို့ နှလုံးသားတွေ ဖောင်လုပ်စီးခံရတာ
အဆန်းတကြယ်မဖြစ်ပေမဲ့
ရင်ငွေ့ ဆိုတာကိုတော့ မက်မောနေကြအုံးမှာပါ