Wednesday, March 8, 2017

လွမ်းတေး

ယနေ့ ညရဲ့ အလွမ်းတွေကို
အချစ်တွေနဲ့  ချော့မြူကြည့်မယ်။

ကိုယ့်မနက်ခင်းတိုင်းရဲ့ အလှတရားနားမှာ
စာမညီတဲ့ ကဗျာတွေကိုသီရင်း
အလွန်တစ်ရာ နစ်နဲ့ တဲ့
ပဟေဠိ တစ်ပုဒ်နဲ့ အဖြေညှိုကြစို့ လား။

အချစ်ဆိုတာ ကံနိမ်တဲ့သူမှမြင်ရတယ်ဆိုပဲ
ဟုတ်တယ် ကြူးရင့်သံမနှောတဲ့
အချစ်က ခါးတယ်
အလွမ်းတစ်စက် မရှိတဲ့
ရင်ဘတ်က သစ်ငုတ်တိုလို
အသက်မဲ့တယ်။

သီအိုရီနဲ့ ဖော်မြူလာရှာထုတ်
အသစ်မရှိတဲ့ အနမ်းက
ရင်ခုန်သံကို အရှင်လတ်လတ်
အသက်မဲ့စေတယ်။

တစ်နေ့ က ငါ့ရင်ဘတ်မှာ
ကြွေပြားတွေ ကပ်မိလို့ 
နှလုံးသားတွေ တိတ်တခိုးမိပြီ
အဖျားတတ်ခဲ့တယ်။

တကယ်ဆို ..

အချစ်က အိုမင်းရင့်ရော်ခြင်းရဲ့အချစ်သခင်
ဒါဆို ...
အက္ခရာမဲ့ တဲ့ ရင်ခုန်သံက
ဘ၀တစ်ခုရဲ့ မီးအိမ်ရှင်လား
အဖြေရှာ စေတနာက အလကားမရလို့ 
ဂယောင်ဂတမ်းနဲ့ မက်လိုက်တဲ့အိမ်မက်
အပေါစားစား သက်သက်ကြီးပါလား

No comments:

Post a Comment